အဆောင်ရှာခြင်း ၂
Hostel on Map ကိုနှိပ်မယ်ဆိုရင်တော့ Enter a query ဆိုသော စာရိုက်လို့ရတဲ့ နေရာနဲ့ HY မှာ ရှိတဲ့အဆောင်အားလုံးကို အမျိုးအစားကိုယ်စားပြုပုံများဖြင့် နေရာအလိုက်ဖော်ပြထားတဲ့ မြေပုံတစ်ခုကျလာမည်ဖြစ်ပါတယ်
Enter a query ပါတဲ့ စာရိုက်လို့ရတဲ့နေရာမှာ အသုံးပြုသူ ရှာလိုသော လိပ်စာရိုက်ပြီး enter နှိပ်လိုက်ပါက ရိုက်ထည့်ထားသော လိပ်စာအနီးပတ်ဝန်းကျင်ရှိ အဆောင်အားလုံး (အမျိုးသားအဆောင်၊ အမျိုးသမီးအဆောင်၊ အိမ်ထောင်ရှင်အဆောင်) များ အမျိုးအစားကိုယ်စားပြုပုံများဖြင့် ရရှိလာမှာဖြစ်ပါတယ်
ရရှိလာသော အဆောင်ကိုယ်စားပြုပုံများပေါ်သို့ mouse တင်လိုက်ပါက အဆောင်နာမည်ပေါ်လာမည်ဖြစ်ပါတယ်
အဆောင်ကိုယ်စားပြုပုံပေါ်သို့ နှိပ်လိုက်ပါက ၎င်းအဆောင်၏ အမည်၊ အမျိုးအစား၊ အဆောင်အချက်အလက် အသေးစိတ်ကြည်ရှု့နိုင်ရန် ညွှန်ပြသော Hostel Detail ပါသော box တစ်ခုပေါ်လာမည်ဖြစ်ပါတယ်
၎င်း box ပိတ်လိုပါက ညာဘက်အပေါ်ထောင့်ရှိ X ကိုနှိပ်ပြီးပိတ်နိုင်ပါတယ်
Hostel Detail ကိုနှိပ်ပါက ၎င်းအဆောင်၏အသေးစိတ်အချက်အလက်များ ဖော်ပြထားသော page သို့ရောက်ရှိမည်ဖြစ်ပါတယ်