Email Verification ပြုလုပ်ခြင်း

“Verify Your Email Address” page ဆိုတာက အသုံးပြုသူ register ပြုလုပ်စဉ်က ဖောင် တွင်ထည့်ခဲ့သော email ကို အသုံးပြုသူမှ အမှန်တစ်ကယ် အသုံးပြုခြင်းရှိမရှိ HY မှ စစ်ဆေးရန် အသုံးပြုသော page ဖြစ်ပါတယ်။

register ပြုလုပ်လိုက်သည်နှင့် တစ်ပြိုင်နက် HY ကနေ register ဖောင်တွင်ထည့်ထားသော email ကို mail တစ်စောင်ပို့ထားမှာဖြစ်ပါတယ်။ 

အကယ်၍ အသုံးပြုသူ email တွင် HY မှ  ပို့ထားသော mail မရရှိသေးပါက “Verify Your Email Address” page ရှိ click here to request another စာသားပါ link ကိုနှိပ်ပြီးနောက်တစ်ကြိမ် ပို့စေနိုင်ပါတယ် 

ဘာကြောင့် email verification လုပ်သင့်သလဲဆိုတာ ပြောပြချင်ပါတယ် email verification ပြုလုပ်လိုက်ခြင်းဖြင့် HY system မှ အသုံးပြုသူ register ပြုလုပ်စဉ်က ထည့်သွင်းထားသော email သည် အသုံးပြုသူအမှန်တစ်ကယ်အသုံးပြုကြောင်း သတ်မှတ်သွားမည်ဖြစ်ပါတယ် ထို့ကြောင့် HY မှ အသုံးပြုသူအမျိုးအစားအလိုက် ပေးထားသော ဝန်ဆောင်မှုများကို အပြည့်အဝရရှိနိုင်မည်ဖြစ်ပါတယ် 

အခု HY ရဲ့ email verification အလုပ်လုပ်ပုံပြောရခြင်းရည်ရွယ်ချက်က အသုံးပြုသူအနေဖြင့် အခြားသောဝန်ဆောင်မှုများလိုအပ်မှသာ email verification ပြုလုပ်ရန်လိုအပ်ကြောင်း သိစေချင်လို့ပါ email verification မလုပ်လည်းရပါတယ် HY အနေနဲ့ကတော့ email verification လုပ်စေချင်ပါတယ် 

Email verification ပြုလုပ်ရန် register ပြုလုပ်စဉ်က ထည့်သွင်းခဲ့သော email ကိုဝင်ပါ။ HY မှ Verify Email Address ခေါင်းစဉ်ဖြင့် ပို့ထားသော mail မှ Verify Email Address button ကိုနှိပ်ပါက HY ဝက်ဆိုက်သို့ ရောက်သွားပြီး login ဝင်ပြီးသားဖြစ်နေပါပြီ မိနူးဘား မှ အသုံးပြုသူအမည်ကိုနှိပ်ပါ ကျလာသော Dashboard ကိုနှိပ်ပြီး အသုံးပြုသူ၏ ကိုယ်ပိုင်အချက်အလက်များကို အသုံးပြုသူအမျိုးအစားအလိုက် စိတ်ကြိုက်ပြင်ဆင်လုပ်ဆောင်နိုင်ပါပြီ