အဆောင်ရှာသူမှတ်ပုံတင်ခြင်း
အသုံးပြုသူအနေဖြင့် register ပြုလုပ်နိုင်ရန် email တစ်ခုလိုပါတယ် မရှိသေးပါက email အရင်ဖွင့်ဖို့လိုပါတယ် အဆင်သင့်ရှိပြီးသားဆိုရင်တော့ မိနူးဘား မှ register ကိုနှိပ်ပါ ကျလာသော ဖောင်တွင်
အသုံးပြုသူအမည်၊ email၊ password ၊ confirm password၊ အသုံးပြုသူအမျိုးအစား အသုံးပြုသူအမျိုးအစားမှာ အဆာင်ရှာသူ(user) နဲ့ အဆောင်ပိုင်ရှင်(owner) ဆိုပြီး (၂) မျိုးရှိပါတယ် အသုံးပြုသူဖွင့်လိုသော အမျိုးအစားကိုရွေးချယ်ပါ ၊ terms and conditions၊ robot check စသည့်အချက်အလက်များ စုံလင်စွာဖြည့်သွင်းပြီး register ကိုနှိပ်ပါ မည်သည့် error မှပြသချင်းမရှိပါက register ပြုလုပ်ခြင်း အောင်မြင်ပြီး “Verify Your Email Address” page သို့ရောက်ရှိမည်ဖြစ်ပါတယ် error ရှိလာခဲ့လျှင်လည်း လိုအပ်သော အချက်အလက်များဖြည့်သွင်းပြီး register ပြန်လည် ပြုလုပ်နိုင်ပါတယ်
register လုပ်ဆောင်မှုအောင်မြင်ပါက မိနူးဘား ညာဘက်ပိုင်းရှိ login register links များပျောက်ပြီး အသုံးပြုသူ register ပြုလုပ်စဉ်က ထည့်သွင်းခဲ့သော အမည်ပေါ်နေမည်ဖြစ်ပါတယ်
၎င်းအမည် ကိုနှိပ်လိုက်ပါက Dashboard, Logout links များကျလာမည်ဖြစ်ပါတယ်
Dashboard ကို အသုံးပြုသူရဲ့ အချက်အလက်များကို စီမံနိုင်ရန် အသုံးပြုနိုင်ပါတယ် သို့ပေမယ့် Dashboard ကို အသုံးပြုနိုင်ရန် email verification ပြုလုပ်ရန် လိုအပ်မည်ဖြစ်ပါတယ်
အခုလက်ရှိအခြေအနေမှာဆိုရင် အသုံးပြုသူအနေဖြင့် HY ရဲ့ ဝန်ဆောင်မှာအချို့ကို ရရှိနေပြီဖြစ်ပါတယ် ဥပမာ အဆောင်ပိုင်ရှင်တွေဆီ တိုက်ရိုက်ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များရရှိနိုင်ပါတယ် Hostel Detail တစ်ခုကိုနှိပ်ကြည့်လိုက်ပါ ၎င်းအဆောင်ပိုင်ရှင်၏ ဖုန်းနံပါတ်ကို တွေ့ရမည် ဖြစ်ပါတယ်
Logout ကိုတော့ HY ရဲ့ဝန်ဆောင်မှုများ အသုံးပြုခြင်း ခေတ္တရပ်ရန် အသုံးပြုနိုင်ပါတယ်